Monthly Archives: December 2010

ကျွန်တော်… ရွေးကောက်ပွဲတစ်ခုမှာ အပြတ်အသတ်ရှုံးနိမ့်ခဲ့ဖူးတယ်

ကျွန်တော်… ရွေးကောက်ပွဲတစ်ခုမှာ အပြတ်အသတ်ရှုံးနိမ့်ခဲ့ဖူးတယ်    ကျွန်တော်ရွေးကောက်ပွဲတစ်ခုမှာ အပြတ်အသတ်ရှုံးနိမ့်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့နှစ်၃၀ကျော် ၁၉၇၆ ခုနှစ်ကပါ…။ ဒီလိုပြောလို့… ဒီအချိန်ခါတော်မီသူသူငါငါ…… အပြိုင်အဆိုင်ရွေးကောက်ပွဲကိစ္စ၊ လွှတ်တော်ကိုယ်စားလှယ်ကိစ္စတွေ ပြောဆိုရေးသားနေချိန်၊ ဆူးငှက်လည်း ငါးပွက်ရာငါးစာချပြီး မတန်မရာဝင်ရေးလိုက်တာ သွက်သွက်ခါမှားပါပြီလားလို့ မထင်လိုက်ပါနဲ့ဦး။ ဟုတ်ပါတယ်။ ကျွန်တော်ဝင်ပြိုင်ရတဲ့ ရွေးကောက်ပွဲက ပါလီမန်ဒီမိုကရေစီရွေးကောက်ပွဲ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတနိုင်ငံတော် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ၊ ပါတီစုံဒီမိုကရေစီ် အထွေထွေရွေးကောက်ပွဲတွေ မဟုတ်ပါဘူး။    အဖြစ်ကဒီလိုပါ…….။     ၁၉၇၆ခုနှစ်မှာ ကျွန်တော်မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှာ သင်္ချာအဓိကနဲ့ပထမနှစ်ကစပြီး ကျောင်းတက်ရပါတယ်။ဒီနေရာမှာ ပထမနှစ်ကစပြီးလို့ ပြောဆိုရေးသားတာကအကြောင်းရှိပါတယ်။ ကျွန်တော်တို့ရဲ့ နောက်နှစ်ကစပြီး တက္ကသိုလ်ဝင်တန်းအောင်ပြီးရင် တက္ကသိုလ်ကိုတိုက်ရိုက်တက်လို့ … Continue reading

Posted in Uncategorized | Comments Off

ပယ်ကိစ္စ

ပယ်ကိစ္စ      မဟာမုနိရုပ်ရှင်တော်မြတ်မှာ မီးသင့်လောင်ရာ မျက်နှာတော်မှာ လက်လေးသစ်ခန့် ကွဲအက်၍ ရောင်လျှံတော်   မပွင့်မလင်း ရှိသည်ကို။ ဂဏာစရိယ၊ ဂဏပါမောက္ခ၊ သင်္ဃရာဇာမဟာဓမ္မရာဇ် ဖြစ်တော်မူသော မာလာလင်္ကာရဓဇ ဓမ္မသေနာပတိ အတုလဓိပတိ သီရိပ၀ရ မဟာဓမ္မရာဇဂုရုတံဆိပ် နာမတော်ရှိသော သာသနာပြုဆရာတော်ဘုရားကြီးနှင့် ဘ၀ရှင်မင်းတရားကြီး ဘုရားလက်ဝဲလက်ယာ ကိုယ်တော်တိုင် ကြပ်မတ်တော်မူလျှက် ပဉ္စသိင်္ခနတ်သား၏ စောင်းသံနှင့်တူသော တူရိယာမျိုး ငါးပါး အသံတို့ကို တပြိုင်နက် တီးမှုတ်စေပြီးလျှင် မျက်နှာတော်အသစ်ဖွင့်တော်မူရာ သယမ္ဘူငုံအာ၊ ပဒုမ္မာမုံရင့်၊ ပွင့်လုဆဲဆဲ၊ လွန်ကဲထူးမြတ်သော၊ ဒဗ္ဘသမ္ဘာရအဆောက်အဦတော် ရှိသည်ဖြစ်၍ ကဏ္ဍပ္ပသရက်ပင်ရင်းနှိုက် … Continue reading

Posted in Uncategorized | Leave a comment

ဆွဲမိဆွဲရာ

ဆွဲမိဆွဲရာ   ပေါင်းသိင်္ဂီ ကျင်ခတ်နှင့်၊ တင်ကလပ် ဆောင်ချီ၊ အရှင်မြတ် နောင်ညီကို၊ တင်ပမည် မကြွား၊ ပွဲတော်ရောက်သူ အစုကိုပါအောင်၊ တူရှုပါ မင်းမြတ်နှစ်ပါး။ အခုမှ ဘယ်အမှုမြိုတယ်၊ ရွယ်ခုဆိုစကား၊ မယ်ဥလို ဖုရားက၊ ကျားလွှတ်လို့ လှန့်ပါ၊ ချစ်ခင်လျှင် ပြစ်တင်ဦးပါနဲ့၊ နှစ်စဉ်ဖူးရောက်ပါမည်ဖျာ၊ ချစ်ခင်ဦး သူပါလျှင်၊ မဟူရာဖန်ခွက်နှင့် ဗျန် အရက် မှန်းသွယ်ရည်၊ ဘုန်းဆက်ပါ့မည်၊ အောင်လျှင်အဖြစ် မန်းနယ်ပြည်မှာ၊ မှန်းရွယ်ရည် တင်ဦးဖျလေး…..။ ၁၉၄၆ ခုနှစ်က ထုတ်ဝေတဲ့ မြန်မာ့အလင်းသတင်းစာမှာ ပါရှိတဲ့ … Continue reading

Posted in Uncategorized | Leave a comment

ခွဲခွဲခြားခြား

ခွဲခွဲခြားခြား လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်ဝန်းကျင်ကာလ၊ ခုနှစ်အလိုအရပြောရရင် ၁၉၉၅ လောက်ကပေါ့။ ကျွန်တော် လူထုကြီးပွားရေးစာအုပ်တိုက်ရဲ့ စာပြင်၊ စာတည်း စာပွဲမှာ ထိုင်ရစဉ်ကာလ…..။ အဲဒီအချိန် အဖိုးတန်ဆုံးအခွင့်အရေးတစ်ခုက ညနေစောင်းရင် ဒေါ်ဒေါ် (လူထုဒေါ်အမာ) နဲ့ စကားပြောခွင့်ရခြင်းပါပဲ။ ဒေါ်ဒေါ်က ညနေစောင်း ရေမိုးချိုးပြီး နံ့သာဖြူကရမက်တွေ လိမ်ကျံကာ စမုံစပါးစေ့လေးတွေဝါးရင်း ဘာထူးသေးသလဲကွဲ့ ဆိုတဲ့ နိဒါန်းစကားနဲ့ လမ်းဖွင့်ကာ ကျွန်တော်နဲ့ ရောက်တက်ရာရာတွေ ပြောဖြစ်တယ်။ ရောက်တက်ရာရာ ဆိုပေမယ့် ကမ္ဘာကျော် သတင်းစာဆရာ၊ စာရေးဆရာမကြီးမို့ စကားလုံးတိုင်းဟာ အဖိုးအနဂ္ဂ ထိုက်တန်သည်ချည်းပါပဲ။ … Continue reading

Posted in Uncategorized | 1 Comment

ကျောင်းတော်က….ကိစ္စတွေ

ကျောင်းတော်က….ကိစ္စတွေ နိုင်ငံရေးပွင့်လင်းလာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ အပတ်စဉ်ထုတ်ဂျာနယ်များရဲ့ စာမျက်နှာတွေလည်းပြောင်းလဲသွားတာ တွေ့ရတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းဖြစ်စဉ်များနဲ့ ပတ်သက်ပြီးသမိုင်းဝင်ဓာတ်ပုံတွေနဲ့အတူ၊ ဆောင်းပါး ဟောင်းတွေကိုလည်း ပြန်လည်တူးဆွလာကြတယ်။ လူဆိုတာ နိုင်ငံရေးနဲ့ကင်းတဲ့သတ္တ၀ါမှ မဟုတ်တာ….။ အခြေအနေအရ နှစ်ပေါင်း ၅၀နီးပါး…ပြောရ၊ ရေးရမယ့် နိုင်ငံရေး လမ်းကြောင်း တစ်မျိုးတည်းကိုပဲ အီလည်လည်ကြီး ပြောဆိုရေးသားခဲ့ကြရာက အခုတော့ ကိုယ်ယုံကြည်ရာတွေ ပွင့်ပွင့်လင်းလင်း ပြောဆိုရေးသားကြဖို့လည်း အားယူလာတဲ့သဘောပါပဲ…။ တကယ်တော့ စာပေအနုပညာဆိုတာ နိုင်ငံရေးနဲ့ တိုက်ရိုက်ဆက်စပ် နေတယ်လို့ အများစုက ယုံကြည်ခဲ့တယ်။ မြန်မာပြည် စာပေအနုပညာက အမျိုးသားလွတ်လပ်ရေးနဲ့ တွဲဖက်ပြီးမြှင့်တင်ခဲ့တာ ဖြစ်လို့ပါပဲ။ … Continue reading

Posted in Uncategorized | Leave a comment

ရန်-ငါကိစ္စ

ရန်-ငါကိစ္စ ဘယ့်နှယ်လဲ အများအတွက် စွန့်လွှတ်အနစ်နာခံတယ်ဆိုတာ မကောင်းဘူးလား။ ကျွန်တော်တို့ ခင်ဗျားတို့ မလုပ်နိုင်ရင်သာ ရှိရမယ်။ ဒါမျိုးကို ကျွန်တော်တို့ထောက်ခံရမှာပဲဗျ ကျွန်တော်က မကျေနပ်နိုင်သေး ဘဲ စကားစကို ပြန်ဆက်လိုက်သည်။ စွန့်လွှတ်အနစ်နာခံတယ်ဆိုတာကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်ကဘယ်သူ့အတွက် စွန့်လွှတ်အနစ်နာခံရမှာလဲ။ လူအများအတွက်ဆိုတာ ဘယ်လိုလူတွေလဲ ၎င်းးက ဆက်မေးပြန်သည်။ ခင်ဗျား တော်တော်ခက်ပါလား။ ကျွန်တော်ပြောပြီးပြီပဲ။ အများဆိုတာ လူသတ္တ၀ါဝေနေယျအားလုံး ပုပုရွရွမြင်သမျှအားလုံး၊ မုန်းသူချစ်သူမဟူအားလုံး ရန်သူမိတ်ဆွေမခြားအားလုံး ကျွန်တော့်မိတ်ဆွေက လက်ကာပြလိုက်၏။ ပြီးမှ- ကျွန်တော်သိချင်တာ အဲဒါပဲဗျ။ မှန်ပါတယ်။ အများအတွက် စွန့်လွှတ်အနစ်နာခံတာဟာ … Continue reading

Posted in Uncategorized | Comments Off