အမည်ရင်း – ကိုကျော်ဆန်း
- (၁၀-၂-၁၉၅၉)နေ့တွင် မန္တလေးမြို့ ဒေါင်းရိုးရပ်၊ စိုင်ပြွန်မင်းသားကြီးဝင်းအတွင်း၌ အဖ ဦးပေါလူ၊ အမိ ဒေါ်ချောရင်တို့မှ မွေးဖွားခဲ့။
- မွေးချင်း(၅)ယောက်ရှိသည့်အနက် အငယ်ဆုံးဖြစ်ပြီး မန္တလေးမြို့၊ အိမ်တော်ရာ ဒက္ခိဏ၀န် အ.မ.က၊ အမှတ်(၂၁) အ.ထ.က၊ အမှတ်(၁)အ.ထ.ကနှင့် မန္တလေး ၀ိဇ္ဇာနှင့် သိပံ္ပတက္ကသိုလ်တို့၌ ပညာသင်ကြားခဲ့။
- ၁၉၇၉ ခုနှစ်တွင်သိပ္ပံ(သင်္ချာ)ဘွဲ့ရရှိခဲ့။
- ၁၉၈၄ ဒီဇင်ဘာလထုတ် သောင်းပြောင်းထွေလာ မဂ္ဂဇင်းပါ ဆောင်းပါးဖြင့် စာပေနယ်ပယ် သို့ ရောက်ရှိခဲ့။
- ဆူးငှက်ကလောင်အမည်အပြင် ကလောင်ခွဲများဖြင့် ဆောင်းပါး၊ သတင်းဆောင်းပါးများ ရေးသားခဲ့။
- ၀တ္ထုတိုများနှင့် ရသဆောင်းပါးများကို ဆူးငှက်ကလောင်အမည်ဖြင့် ရေးသားခဲ့၊ ရေးသားဆဲဖြစ်။
- မြန်မာ့ဓနမဂ္ဂဇင်းတွင် ‘သံဝရ’ ကလောင်ခွဲဖြင့် ‘အညာစာလွှာ’ ကဏ္ဍနှင့် ဆူးငှက်ကလောင်အမည်ဖြင့် ‘မန္တလေးမျဉ်းဖြောင့်များ’ ပင်တိုင်ဆောင်းပါး ကဏ္ဍတို့ကို ရေးသားလျက်ရှိ။
- အခြားမဂ္ဂဇင်း၊ဂျာနယ်များတွင်လည်း ၀တ္ထုတို၊ ၀တ္ထုရှည်၊ ဆောင်းပါးများ ရေးသားလျက်ရှိ။ အထူးသဖြင့် မန္တလေးယဉ်ကျေးမှုအနုပညာများနှင့် ပတ်သက်၍ ခုခံကာကွယ်ရေးသားမှုများကြောင့် မန္တလေး ဒေသစွဲ ကြီးသူဟု သတ်မှတ်ခံရမှုများရှိ။
- မန္တလေးမြို့ထုတ် ရွှေဝတ်ရည်မဂ္ဂဇင်း (၁၉၉၁-၉၂) (၁၉၉၇) နှင့် ဗြူတီမဂ္ဂဇင်း(၂၀၀၀)ခုနှစ်များတွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့။
ထုတ်ဝေပြီးသောစာအုပ်များမှာ
၁။ တစ်ဝက်မန်ကျည်းပင်ဝတ္ထုတိုများ(၁၉၉၇)ခု
၂။ မန္တလေးမျဉ်းဖြောင့်များ-ရသဆောင်းပါးပေါင်းချုပ်(၂၀၀၀)ခု
၃။ အနှေးလျှောက်မန္တလေး-ဆောင်းပါးပေါင်းချုပ်(၂၀၀၀)ခု
၎။ ဇာတ်လမ်းဝတ္ထုတိုစု(၂၀၀၁)ခု
၅။ ကတ္တီပါဖိနပ်ကလေးနှင့် အခြားဝတ္ထုတိုများ(၂၀၀၀)ခု
၆။ ၄၅တာ၊၁၄ခန်းဇရပ်နှင့် ၇ သံချီညချမ်း-ရသဆောင်းပါးစု(၂၀၀၂)ခု
၇။ The Streigh Lines of Mandalay (Translated by YE CHANE (၂၀၀၂)ခု
၈။ မန္တလေးကွန်ဆတ်တို-ရသဆောင်းပါးစု(၂၀၀၃)ခု
၉။ သင်္ကြန်လေ၊တိမ်ခိုးပျို၊ဆောင်းခိုရွက်ကြွေနှင်း….. ရသအက်ဆေးများ(၂၀၀၃)ခု
၁၀။ ပုံဆောင်မဲ့ ပုန်းညက်ညနေခင်း-ဇာတ်လမ်းဝတ္ထုစု(၂၀၀၄)ခု
၁၁။ မန္တလေးနရီ-ရသဆောင်းပါးစု(၂၀၀၄)ခု
၁၂။ ရတနာနဒီ၊စည်သာလမ်း၊ရွှေနန်းတော်ရှေ့ မန်းရိပ်ခို-ရသဆောင်းပါးစု(၂၀၀၅)ခု
၁၃။ မန်းတောင်လက်ျာ-ဆောင်းပါးစု(၂၀၀၅)ခု
၁၄။ ဂျာနယ်တစ်ဝက်၊မဂ္ဂဇင်းတစ်ဝက်-ဆောင်းပါးစု(၂၀၀၅)ခု
၁၅။ ခရမ်းရင့်ရင့်ဆင်ဖိုနီ-ရသဆောင်းပါးစု(၂၀၀၅)ခု
၁၆။ တိမ်ယံအိပ်မက် မိုးထက်နရီလုံးချင်းဝတ္ထုရှည်(၂၀၀၇)ခု
၁၇။ မန္တလေး၁၅၀-(သံဝရကလောင်ဖြင့်)၂၀၀၈ခု
၁၈။ ရင်ချင်းဆက်ဝတ္ထုတိုများ(၂၀၀၉)ခု
၁၉။ အလူမီနီယံမျက်နှာပြင်ပေါ်က ဟင်္သပြဒါးပုံရိပ်များ – ဆောင်းပါးစု (၂၀၁၁)
၂၀။ ဆူးငှက် လက်ရွေးစင် ၀တ္ထုတိုများ (၂၀၁၁)
တိမ်ယံအိပ်မက်မိုးထက်နရီလုံးချင်းဝတ္ထုရှည်မှာ ၂၀၀၆ ခုနှစ်အတွက် ရွှေအမြုတေဆု (အခန်းဆက် ၀တ္ထုရှည်)နှင့် ၂၀၀၇ ခုနှစ်အတွက် အမျိုးသားစာပေဆု (၀တ္ထုရှည်)တို့ ဆွတ်ခူးရရှိခဲ့။
အခြားအနုပညာဖန်တီးမှုများအနေဖြင့် ၂၀၀၅ခုနှစ်တွင် လေဘာတီမမြရင် နှစ်၁၀၀ပြည့် မန္တလေးအငြိမ့် အလွမ်းပြေ ဗွီစီဒီခွေကို စီစဉ်ရိုက်ကူးမှုနှင့် ဇာတ်ညွှန်းအဖြစ် လည်းကောင်း၊ ၂၀၀၈ခုနှစ်တွင် မြို့မငြိမ်းနှင့် မန္တလေး တေးပြုစာဆိုကြီးများ၏ တိမ်မြုပ်ရှားပါး သီချင်းများကို ဖော်ထုတ်မှုအစီအစဉ်အဖြစ် ‘ဖြူစင်စိတ်ရင်း’တေးစီးရီးနှင့် ‘ဆိုတီးကြ မြို့မမောင်တွေ တေးစီးရီးကို စီစဉ်သူအဖြစ် လည်းကောင်း၊ ၂၀၀၉ခုနှစ်တွင် ‘ရတနာပုံမ်မန္တလေး အနှစ် ၁၅၀ပြည့် အနုပညာပုံရိပ်ပွဲတော်’ကို အစီအစဉ်များ ပေါင်းစပ်ညှိနှိုင်းတင်ဆက်သူအဖြစ် လည်းကောင်း၊ ၀ဏ္ဏကျော်ထင် ဒေါ်သြဘာသောင်း၏ ကဗျာလွတ် အဆင့် ၅ဆင့် ကကွက် ၁၂၅ ကွက်ကို အခြေခံသော ‘ဗုံလေးလုံးသံစဉ်၊ ဂန္ထ၀င်အကပဒေသာ’ မှတ်တမ်းဗွီစီဒီကို စီစဉ်တင်ဆက်သူအဖြစ် လည်းကောင်း၊ မြို့မငြိမ်းရာပြည့် ဂီတပွဲတော် ဖျော်ဖြေမှုအစီအစဉ်ကို ဦးဆောင်စီစဉ်သူအဖြစ် လည်းကောင်း ပူးပေါင်း ပါဝင်ခဲ့သည်။
ယခုအခါ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ သရက်ကုန်းကွက်သစ်၌ ဇနီး ခင်သော်ဇင် (ပန်းချီ KTZin)၊ သား သူရိန်ထွန်း (ဒီဇိုင်း သူရိန်)၊ အောင်ပိုင်စိုးတို့နှင့်အတူ အနုပညာလုပ်ငန်းများလုပ်ဆောင်လျက်ရှိ။
