၁၉၄၇ ခုနှစ်က စတင်စပ်ဆိုခဲ့တဲ့ ရွှေမန်းတောင်ရိပ်ခိုသီချင်းက လူကြီးတွေ ပြောစကားအရ ဖတ်ဖူး မှတ်သားဖူးတာအရ ၁၉၅၁ ခုနှစ် သင်္ကြန်ရောက်တော့ ရန်ကုန် ပရိသတ်ကြားမှာ ပျံ့နှံ့လူသိများသွားပါပြီ။ ဘာလို့လဲဆိုတော့ မြို့မအသင်းက ဆရာငြိမ်းကိုယ်တိုင် ဦးစီးပြီး ၁၉၅၁ ခုနှစ်သင်္ကြန်ကို ရန်ကုန်မှာ ဆင်နွှဲခဲ့တာကိုး။ မန္တလေး၊ မြန်မာကုန်သည်များအသင်းနဲ့ တွဲဖက်ပြီး ''ရွှေမန်းရေယာဉ်'' ဆိုတဲ့ နာမည်နဲ့ ကားမှာ ငန်း ရုပ်ကြီးဆင်ပြီး မြို့မက ရန်ကုန်သင်္ကြန်မှာ ဆင်နွှဲတာ။ မန္တလေးမှာ ဘယ်တုန်းကမှ သင်္ကြန် အလှပြယာဉ်ပေါ် လိုက်ပါခြင်းမရှိတဲ့ ဆရာငြိမ်းက ရန် ကုန်သင်္ကြန်မှာ ''ရွှေမန်းရေယာဉ်'' ပေါ် ကိုယ်တိုင် ပါဝင်ဆင်နွှဲ ပျော်ခဲ့တာ။ အထောက်အထား ဓာတ်ပုံတွေကို ရှိပါတယ်ဆရာ။
အဲဒီ ''ရွှေမန်းရေယာဉ်'' က ''ရွှေမန်းတောင်ရိပ်ခို'' သီချင်းကို ရန်ကုန်မှာ မြိုင်မြိုင်ကြီးနဲ့ ''ဆရာမြို့မငြိမ်း'' ကိုယ်တိုင် ပါဝင်ဆင်နွှဲသီဆို ခဲ့တာပါ။ အဲဒီနှစ်က ''သဘာဝ ရွှင်မြူး နှစ်ကူးမြန်မာ့ရေသဘင်'' အစချီတဲ့ ''ငြိမ်းချမ်းရေး ရေသဘင်'' သီချင်းကိုလည်း ဆရာကိုယ်တိုင်စပ်ပြီး ''ရွှေ မန်းတောင်ရိပ်ခို'' သီချင်းနဲ့အတူ သီဆိုစေခဲ့တာပါ။
ဆရာငြိမ်းဟာ ဂီတနဲ့ပတ်သက်ရင် အလွန် ရက်ရောတတ်သလို အလွန်လည်း မာနကြီး ခေါင်းမာခဲ့တယ်ဆိုတာ အသက်အသေခံကာ သက်သေပြခဲ့ပြီပဲဆရာ။ ဒီထက် ဘယ်လောက် အနစ်နာခံ အဆုံးရှုံးခံ သက်သေပြစရာရှိတော့လို့လဲ။ သူတတ်တဲ့ ဂီတကို အလွန်ပေးချင်တဲ့သူ။ လို ချင်မှန်းမသိ၊ မလိုချင်မှန်းမသိ ပေးချင်သူ။ စည်းဝါးမှာ နားမလည်သူကို ခြေဖဝါး ကိုယ်တိုင် လက်နဲ့ ကိုင်ပြီး စည်းချက်အတိုင်း ချစေခဲ့တဲ့သူ။ အသံမှ နားမလည်သူကို ဘင်ဂျိုကြီးမှာ ထုံးတိုပမှတ်ကာ စိတ်ရှည်စွာ သင်ပေးခဲ့သူ။ ဂီတကို ပုတ်လောက်ရေးပြတောင် ဘာမှန်းမသိတဲ့ ဘတ်စ်စကား ဒရိုင်ဘာ စပယ်ယာများကိုပင်လျှင် ဂီတဝိုင်းကြီးတစ်ဝိုင်းစာဖွဲ့၊ စည်းချက်တီးမှုတ်စေခဲ့တဲ့သူ။ ဂီတကို အဲသလောက် ရက်ရောခဲ့သူ။
ဒါပေမယ့် သူ့ဂီတ သူ့အနုပညာကို သူများထံအရောက် ရက်ရောသလောက် အနုပညာနဲ့ပတ်သက်ရင် သူများပစ္စည်း ကိုယ့်ပစ္စည်းလုပ်ဖို့ စိတ်မျှမကူး မာနကြီးသူ။ တစ်လုံးတစ်ပဒါမျှ မပါမခံသူ။ သူများပစ္စည်း ကြိုက်လွန်းလို့ ကိုယ့်မူကိုယ့်မာန်သွင်းသော်မှ ပြောင်ပြောင်တင်းတင်း ၀န်ခံ ကြေညာပြီးမှ ဖန်တီးသူ။ အဲလို မာန်နကြီးခေါင်းမာခဲ့သူဆိုတာ ဆရာငြိမ်းသမိုင်းမှာ သက်သေပြစရာတွေ အများကြီးပါ။ ရန်ကုန်လို မြို့ကြီးမှာ သူ အင်မတန် တန်ဖိုးထားမြတ်နိုးလှတဲ့ ငွေငန်းရုပ်ဆင် အလှပြကားကြီးပေါ်က သူများ စသား၊ သူများသီချင်းကို ကိုယ့်သီချင်းလုပ် သီဆိုနေတာ ဆရာငြိမ်းလို ပုဂ္ဂိုလ်က မိန့်မိန့်ကြီး အရသာခံနေပါ့မလားဆရာ။ တစ်ခါ အဒီအချိန် အဒီအခါက တက်လူငယ်တစ်ယောက်ဖြစ်ပြီး တောက်မယ့်မီးခဲ တရဲရဲဖြစ်နေတဲ့ ယခု သူ့စာသားပါလို့ ပြောလာသူ ဆရာဦးဘသိန်းလို ပုဂ္ဂိုလ်ကလည်း ငြိမ်ခံနေသလားဆရာ။ ဘာလို့ အဒီအချိန်က မျက်နှာချင်း ဆိုင် မပြောကြပါဘဲ အခုတစ်ယောက်သောပုဂ္ဂိုလ်က အသက်စတေးခံလို့ အရိုးဆယ်ခါပြန်ဆွေးပါမှ ထပြောရပါသလဲဆိုတာ စဉ်းစားလို့ မရပါဘူး ဆရာ။
အဒီ ၁၉၅၁ ခုနှစ် ရန်ကုန်သင်္ကြန်မှာ ဆရာငြိမ်းရှေ့မှောက် အဒီသီချင်း မသီဆိုမီ ၁၉၄၉-၅၀ လောက်ကတည်းက ရန်ကုန် လူကုံထံ အသိုင်းအ၀န်းမှာဒီသီချင်းက အတော်ခေတ်စားနေပါပြီ။
ရန်ကုန်မှာ ဘီတီဘရားသား အပျော်တမ်း တူရိယာအဖွဲ့က အဒီအချိန်မှာ အတီးကောင်း အဆိုကောင်းမို့ ထင်ပေါ်နေပါပြီ။ ကိုအံ့ကြီးက အကောဒ်ီယံ၊ သူ့ညီကိုဘသိန်းက ဂစ်တာ။ သူတို့အစ်မကြီး ဒေါ်မြခင်ရဲ့ ခင်ပွန်း ဦးဘဦး(မန္တလေးမာဃတူရိယာအဖွဲ့)က ကလယ်ရီနက်၊ ဦးဘမြင့်က တယော၊ ရန်ကုန်ရောက် မြို့မ ဦးလဒှင်က ဂျပ်(စ်)ဘင်ကို တီးကြမှုတ်ကြတယ်။
သူတို့ ဘီတီဘရားဝိုင်းက မန္တလေးမြို့မသီချင်းတွေချည်း တီးမှုတ်ကြတော့ ရန်ကုန်တီးဝိုင်းတွေနဲ့ တစ်မျိုးတစ်ဘာသာ ကွဲပြီး ထင်ရှားလာတာ ပါ။ ဘီတီဘရားသားအဖွဲ့ ရန်ကုန်ကို ၁၉၄၉ခုနှစ်လောက် စရောက်ကတည်းက မန္တလေးသင်္ကြန် ရုပ်ရှပ်ကားတိုလေးတစ်ခု ရိုက်လာကြတယ်။ ပြင်ဦး လွင်အနီး ချောင်းကွေ့က သူတို့ပိုင်တဲ့ ဘီတီဘရားသား ကော်ဖီခြံကြီးများမှာ ကော်ဖီပင်တွေ စိုက်ပျိုးထားပုံ၊ ပြုစုပျိုးထောင်ပုံ၊ ရှမ်းပျိုဖြူလေးတွေ ကော်ဖီသီး ဆွတ်ကြပုံ၊ ကော်ဖီစေ့ကို သန့်ပြန့်စွာနဲ့ အစေ့က အမှုန့်ဖြစ်အောင် ကြိတ်ခွဲကြတဲ့ ကော်ဖီပင်မှသည် ကော်ဖီမှုန့်အထိ အဆင့်ဆင့်ကို အဆစ်အပိုင်းအလိုက် ကျကျနန ရုပ်ရှင်ရိုက်ကူးပြီး သူတို့ ဘီတီကော်ဖီကို ကြော်ငြာခဲ့ကြတာပါ။
အဒီကြော်ငြာကားပိုင်းတိုလေးမှာ မပျင်းရအောင် မန္တလေးသင်္ကြန်ကိုပါ ရိုက်ကူးပြီး ဆက်စပ်ပြထားတာ တီးဝိုင်းဂီတသံ ညက်ညက်လေးမှာ ဘီတီဦးဘဦးရဲ့ အပြောကလေးနဲ့။ မန္တလေးသင်္ကြန်မြင်ကွင်း ပြသနေစဉ်မှာတော့ ''ရွှေမန်းတောင်ရိပ်ခို'' သီချင်းကို ကိုအံ့ကြီးက နောက်ခံ သီဆိုပေး ထားတာပါ။ဒီကားပိုင်းတိုလေးက စိတ်ကူးစိတ်သန်းနဲ့ အပြအသကောင်းလွန်းတော့ ရန်ကုန်မှာ နေရာအနှံ့ ပွဲတောင်းခံရပါတယ်။ မြို့မျက်နှာဖုံးများ ရဲ့ ဥယျာဉ်ပွဲ၊ ပါတီပွဲများဆိုရင် ဘီတီသင်္ကြန်ကားပိုင်းတိုနဲ့ ဘီတီ တီးဝိုင်း မပါမပြီးဘူး။
ရန်ကုန် ရဲမင်းကြီး ဦးကျော်မြင့်က ဖိတ်ကြားလို့ သူ့အိမ်ဝင်းအတွင်း ဖျော်ဖြေပြသပြီးတဲ့နောက် ကောင်းလွန်းလို့ဆိုပြီး ရန်ကုန်မည်သည့် နေရာမဆို လွတ်လပ်စွာ ပြသတီးမှုတ်စေလို့ ပွဲမိန့်သီးခြားအပေးခံရတဲ့ ကားပိုင်းတိုလေးပါ။ ‘ါကြောင့် ဘီတီတီးဝိုင်းနဲ့ သင်္ကြန်ကားပိုင်းတိုလေးက ရန်ကုန်အနှံ့ ခြေဆန့်ပြီး လူတိုင်းပါးစပ်ဖျားမှာ ''မြနန္ဒာ ရေညိုညိုရစ်ကာသန်းတဲ့ ရွှေမန်းတောင်ရိပ် တူတူခိုမယ် ပျိုဖြူတွေရယ်'' ချည်း ဖြစ်ကုန်ခဲ့ တာပါ။
ဒီဥယျာဉ်ပွဲ၊ ပါတီပွဲသတင်းတွေကို အဒီခေတ် အဒီအချိန် စာနယ်ဇင်းများစွာ၊ ရေးသားခဲ့ကြတိုင်း ''မြို့မဆရာငြိမ်း ရေးစပ်သော'' လို့ချည်း ဖော်ပြပါရှိခဲ့တာချည်းပါ။ဒီ ''၁၉၄၉-၅၀-၅၁'' ဆိုသော ခုနှစ်များမှာ ဆရာငြိမ်းသက်ရှိထင်ရှားရှိဆဲ ကာလတွေပါ။ သူ့သီချင်းမဟုတ်ရင် သူ့သီချင်း မဟုတ်ပါဘဲ သူ့သီချင်းပါလို့ ပြောဆိုရေးသား ကြေညာနေမှုအပေါ် ဆရာငြိမ်းက ဘယ်လိုမှ လက်ခံမှာမဟုတ်ဘူးဆိုတာဒီနေ့ထိ သက်ရှိထင်ရှား ရှိဆဲ ဆရာငြိမ်းရဲ့ ငယ်ပေါင်းကြီးဖော်များ၊ တပည့်များ၊ ရင်းနှီးကျွမ်းဝင်သူတိုင်းက သေသေချာချာ သိကြပါတယ်ဆရာ။ ညီရင်းအစ်ကိုတမျှ တစ်လျှောက် လုံး လက်တွဲခဲ့တဲ့ ဆရာကြီးဦးဘသိန်းက ပိုလို့တောင် သိပါတယ်ဆရာ။
ဘီတီအဖွဲ့ရဲ့ သင်္ကြန်ကားပိုင်းတိုမှာ ပါဝင်သီဆိုစဉ်ကရော၊ ဘီတီတီးဝိုင်းက ကိုအံ့ကြီး သီဆိုစဉ်ကရော၊ “ာတ်ပြားသွင်းစဉ်ကရော ''သံ သံစုံကြူးပါလို့'' အစီချီ ခြေဆင်းပိဒု မပါရှိခဲ့ပါဘူး။ ဘီတီအဖွဲ့က ကိုအံ့ကြီးကိုယ်တိုင် အကောဒ်ီယံနဲ့ သီဆိုတာဆိုတော့ ခြေဆင်းသံစဉ်က အကော်ဒီယံနဲ့ လိုက်တီးနှိပ်ဖို့ ခက်ခဲလို့ပါတဲ့။
အလားတူပါပဲ။ ကိုအံ့ကြီးသီဆိုတဲ့ ''ကိုယ်ဒူ့းကိုယ်ချွန်'' သီချင်းမှာလည်း ဆရာငြိမ်းရေးစပ်ခဲ့တဲ့ မူလခြေဆင်းစာသားကို ဖြုတ်ပြီး သီဆိုခဲ့ တာပါ။
ဆရာမြို့မငြိမ်းကတော့ ဂီတအတွက် သူ့ကိုယ်သူ အသက်စတေးခံ သက်သေပြသွားပါပြီ။ ကျန်ရစ်သူက နှစ် ငါးဆယ်ကျော်ပါမှဒီသီချင်း မှာ သူ့အပိဒု သူ့စာသားပါ"ပါတယ်လို့ ပြောလာတော့လည်း ကာယကံရှင်က ပြောခြင်းဆိုတာအပြင် ဆရာငြိမ်းလည်း မရှိတော့တဲ့ ကာလမို့''သူပြော ပိုင်ခွင့်'' လို့ပဲ မှတ်ယူပါတယ်။ ယခုပြောလာတဲ့ ဆရာကြီးဦးဘသိန်းဆိုတာကလည်း ဂီတမှာ ဆရာကြီးတစ်ဆူ မဟုတ်ပါလား။ သို့သော် ဆရာမြို့မ ငြိမ်းသည်လည်းကောင်း၊ ယခုဆရာကြီး ဦးဘသိန်းသည်လည်းကောင်း ယခုအငြင်းပွားခဲ့ကြတဲ့ သီချင်းတစ်ပ ဒ်ုတည်းနဲ့ မြို့မငြိမ်း၊ ဦးဘသိန်း ဖြစ်ခဲ့ကြတာ မဟုတ်ပါဘူး။ဒီသီချင်းက ဆရာတို့ဘ၀၊ ဆရာတို့ဂီတမှာ အစိတ်အပိုင်းသေးသေးလေးတစ်ခုပါ။ ဘာမဟုတ်တဲ့ဒီအစိတ်အပိုင်းလေးက မိမိတို့ရဲ့ ဂုဏ်သိက္ခာ အရှိန်အ၀ါ ဧရာမကြီးတွေကို ပွန်းပဲ့စေမှာမဟုတ်ပါဘူး။ ‘ါဟာ ရေးကြီးခွင်ကျယ်ကိစ္စပါဘူး။ဒီကိစ္စလေးကြောင့် ဘိုးစဉ်ဘောင်ဆက် တစ်လျှောက်လုံး စောင့်စည်းခဲ့ကြတဲ့ မန္တလေးဂီတစည်းကောင်းမွေလေး ကျိုးပေါက်သွားမှာတော့ စိုးရိမ်မိပါတယ်။
_ _ _ ''ရွှေမန်းတောင်ရိပ်ခို'' သီချင်းမှာ ပထမအပိဒ်ုက သူ့စာသား သူ့သီချင်းပါလို့ လက်ရှိဆရာကြီးပြောစဉ်က ဆရာ့အနေနဲ့ဒီ အကြောင်းတွေ ပြန်လှန်ဖြည်ဖြန့် မရေးသင့်ပေဘူးလား ဆရာ။
‘ီလိုပြောဆိုခဲ့ကြမှုမျိုးက အခုမှ မဟုတ်ပါဘူးဆရာ။ ၁၉၈၃/၈၄ ပတ်ဝန်းကျင်လောက်ကထင်တယ်။ ဆရာမြို့မငြိမ်းရဲ့ လက်ရင်း တပည့်ကြီး တစ်ဦးက အဒီကာလ ထင်ရှားတဲ့ ဂီတမဂ္ဂဇင်းကြီးတစ်စောင်ကနေ ''ရွှေမန်းတောင်ရိပ်ခို''သီချင်းဟာ ဆရာ့စာသားချည်း မဟုတ်ဘူးဆိုတာ ဆောင်းပါး တစ်ပဒုေးသားပြောဆိုခဲ့ဖူးပါတယ်။ ဆောင်းပါးတင်မက သူစီစဉ်တဲ့ သင်္ကြန်တိပ်ခွေတစ်ခွေမှာလည်း ဆရာငြိမ်းရဲ့ မူရင်းသီချင်းဆိုပြီး အဆိုတော် ရုပ်ရှင်မင်းသားတစ်ယောက်နဲ့ အသံသွင်း ဖြန့်ချိဖူးပါတယ်။ ‘ါပေမယ့် ဘယ်သူမှ ဂရမမူမိကြပါဘူး။ ရေးသားသူကိုယ်တိုင်ကလည်း သူ့ကိုယ်သူ ပြန်လည်သတိထားပြီး ဆင်ခြင်မိပုံပေါ်ပါတယ်။ အသင်းအပင်းစည်း၊ အသင်းအပင်းစိတ်”ာတ်လေးနဲ့ ထိန်းသိမ်းလိုက်ပုံ ပေါ်ပါတယ်။ ပြီးတော့ အဒီ ကာလ၊ စာနယ်ဇင်းများကလည်း စာနယ်ဇင်းသိက္ခာ၊ စာနယ်ဇင်းစည်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စများ စာမျက်နှာပေါ်တင်ရေး ကန့်သတ်ခဲ့တာလည်း ပါမှာပေါ့။ဒီလိုနဲ့ ပြီးသွားခဲ့ပါတယ်။
အခုတစ်ခါမှာတော့ ကာယကံရှင်ဆရာကြီးပြောတာကတော့ တော်တော်ပါ။ ကျွန်တော့်အမြင်ပြောရရင် ပုဂ္ဂိုလ်ရေး အာဃာတတွေ၊ အစွဲတွေ အပြင် ကိုယ်ကျိုးစီးပွားတွေအပေါ် အခြေခံပြီး ဆရာကြီးကို အသုံးချသွားကြတာကို မြင်ပါတယ်။ ''စောင့်ကြည့်နေဒီပြဿနာကို 'ဖွ'မယ်ဆိုတဲ့ဒီကနေ့ စာနယ်ဇင်းသမားများ သုံးနှုန်းကျင့်ကြံနေမှုကလည်း ကြောက်စရာပါလားဆရာ။ 'ဖွ'တယ်ဆိုတာ ရှင်းနေတာကို ရှုပ်အောင်လုပ်တာ။ အစရှာ မရအောင် လုပ်တာ။ ဘေးလူတွေပါ ‘ုက္ခပေး အလုပ်ရှုပ်စေတာ။ ကောင်းပြီ 'ဖွ' ပြီးရင် ရှင်းအောင်ပြန်လုပ်လေ။ အဲလို မဟုတ်ပြန်ဘူး။ ကိုယ့်ကိစ္စ ပြီးရင်၊ 'ဖွ'တဲ့ထဲက ကိုယ်ကြိုက်တာ ယူပြီးရင် လေချွန်ပြန်ထွက်သွားကြတာပဲမဟုတ်လား။ လမ်းဘေးအမှိုက်ပုံမှာ ပလတ်စတစ်ကောက်တာနဲ့ ဘာထူး မှာလဲဗျာ။ ''အမှန်တရား''ဆိုတဲ့ ပြဿနာရှင်းလင်းမှုထက် ''ကိုယ်ကျိုးစီးပွား'' ဆိုတဲ့ အတ္တအတွက် နတ်နေကိုင်းမကျန် အကုန်ချိုင်ပြီး အမြီးကျက် အမြီးစား၊ ခေါက်ကျက်ခေါင်းစား ဘနဖူး သိုက်တူးကြပဲ မဟုတ်ပါလားဆရာ။
ပရိသတ်ကြီး အများစုကတော့ စာမျက်နှာပေါ်မှာ အဖြူပေါ် အမည်းတင်သွားတဲ့ ကိစ္စလောက်ပဲ သိကြမှာပေါ့။ ‘ါပေမယ့်ဒီလို စာမျက်နှာ ပေါ်ရောက်အောင် သို့မဟုတ် ရောက်ခဲ့ခြင်းရဲ့ ကန့်လန့်ကာနောက်ကွယ်က ''ဆင်လုံး''၊ ''ဆင်ကွက်'' တွေ၊ မျှားခေါ် ကျုံးသွင်းတာတွေ၊ ခြေဂလန့် ထိုးတာတွေ၊ ရင်ချင်းကပ် နှုတ်ဆက်ကပြီး နောက်ကျော”ားနဲ့ ထိုးတာတွေစတဲ့ ကလိမ်ကညစ် ကိစ္စတွေက အများကြီးဆရာ။ ‘ါပေမယ့် ပရိသတ်ကဒီကိစ္စတွေ သိကြမှာ မဟုတ်ကြပါဘူး။ စာမျက်နှာပေါ် ရောက်လာတာလောက် အသိလေးနဲ့ ဆုံးဖြတ်ကြရတာပါ။
တစ်ချိန်က ''နှစ်ယောက်တည်းနေချင်တယ်'' သီချင်းကို ဆရာငြိမ်း မရေး၊ ဆရာတင်ရေးတယ်လို့ အငြင်းပွားခဲ့တုန်းက မြန်မာ့လမ်းစဉ် ဦးစိန်ဝင်းက ပြန်လည်ဖြေရှင်းရေးသားတဲ့ ဆောင်းပါးမျိုးကမှ တကယ့်ပညာသားပါတဲ့ ဆောင်းပါးပါ။ သီချင်းတစ်ပဒ်ုမှာ (၁) ရေးဖွဲ့တဲ့ အကြောင်း အရာ၊ (၂) ရွေးချယ်သီကုံးတဲ့ စကားလုံး၊ (၃) တေးသီချင်းရဲ့ အသွားနဲ့ တီးကွက်ဆိုတဲ့ အပိုင်း ၃ပိုင်းစလုံး ပြေပြစ်မျှတမှုအပြင် အသံအကွာအဝေး နရီ(Duration)၊ အသံအတိုးအကျယ် အင်တီစီတီ (Internsity) အသံအနိမ့်အမြင့် (Pitch)၊ အမျိုးအစား (Quality)၊ ၄မျိုးကလည်း အချိုးညီ ကိုက်ညီကြရပါမယ်။ဒီအချက်တွေကို တစ်ချက်ချင်း ထုတ်နှုတ်လေ့လာလိုက်ရင် ဘယ်သူ့လက်ရာဆိုတာ သိသာနိုင်တာပေါ့။ မြန်မာ့လမ်းစဉ် ဦးစိန် ၀င်းက ''နှစ်ယောက်တည်း နေချင်တယ်'' ကို ဆရာငြိမ်းလက်ရာဆိုတာဒီအချက်တွေနဲ့ အကဲဖြတ် သက်သေပြခဲ့တာပါ။
''အခု ရွှေမန်းတောင်ရိပ်ခို'' မှာလည်းဒီလိုပညာသားပါတဲ့ သုံးသပ်မှုမျိုးနဲ့ ကိုင်တွယ်တဲ့ ဆောင်းပါးတွေကို မျှော်လင့်ခဲ့ပါတယ်။ ‘ါပေမယ့် ''ငါးစိမ်းသည်ရန်တွေ့ အားမနာ ပစာတွေချည်း တွေ့ခဲ့ရတာလည်း ၀မ်းနည်းစရာပါ။
ပြဿနာကို ''အကယဒ်မစ်'' ဆန်စွာချဉ်းကပ်ပြီး သုံးသပ်ဖြေရှင်းဆွေးနွေးတာမျိုး မဟုတ်ဘဲ၊ ''ပွဲဆူ'' ရင်ပြီးရောဆိုကာ ''ဆွမ်းကြီးလောင်း'' ကြတဲ့ ဆောင်းပါးတွေများခဲ့ပါတယ်။ ''ဆွမ်းကြီးလောင်း''ရအောင်က တစ်ဖက်က ပုဂ္ဂိုလ်ဟာ ကွန်လွန်သူဂီတအနုပညာရှင်ကြီး အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်းပါလားဆိုတာတောင် သတိမထားမိလောက်အောင် ''အတ္တ''အမှောင်တွေ ဖုံးလွှမ်းခဲ့ကြတဲ့ ကိစ္စပါဆရာ။ဒီကိစ္စတွေ တစ်ဖက်သတ် (တစ်ဖက်သတ်) ဖိပြီး ရေးသားနေကြဆဲ ဂျာနယ်တွေက ဘက်မလိုက်ပါဘူး။ အမှန်တရားကို ရှာဖွေတာပါဆိုတဲ့ အရေးအသားမျိုး ဖတ်လိုက်ရတော့ လည်း ပြုံးမိပါသေးရဲ့ ဆရာရဲ့။ ဘာလို့လဲသိလားဆရာ။
အကျယ်အကျယ် မငြိမ်းဖွယ်နဲ့ မန္တလေးသားဆိုသူများ ကိုယ်တိုင်ဒီကိစ္စမှာဝင် ဆွမ်းကြီးလောင်းနေကြတော့ စာရေးဆရာတစ်ယောက်က ကြားသမျှ၊ ဖတ်ဖူးသမျှနဲ့ သင်္ကြန်အစဉ်အလာ၊ သင်္ကြန်သီချင်း ရေးဖွဲ့ကြမှုပုံစံနဲ့ အသင်းအပင်းမိတ်ရင်းဆွေရင်း ''စည်း''ကလေးတွေချပြပြီး ပြေငြိမ်း စေမယ့် ဆောင်းပါးလေးတစ်ပဒု ဂျာနယ်တစ်စောင်ကို ရေးပို့ပါသတဲ့။ အဒီဆောင်းပါး အသုံးပြုမခံခဲ့ရပါဘူးတဲ့။
ဒါကတော့ ဂျာနယ်ရဲ့ လုပ်ပိုင်ခွင့်၊ အယဒ်ီတာရဲ့ လုပ်ပိုင်ခွင့်ပဲ။ ကြိုက်မှ အဆင့်မီမှ သုံးမှာပေါ့လို့ ပြောရပါမယ်။ ဟုတ်ကဲ့။ အဒီပို့လိုက် တဲ့ ဆောင်းပါးထဲက အချက်အလက်တွေ၊ စာသားတွေ၊ တချို့ဝါကျ၊ တချို့စာပိဒ်ုများ မူရင်းအတိုင်း ၀ါကျလိုက် စာပိဒ်ုလိုက်တွေ ပြန်သုံးကာ ခေါင်းစဉ်ပြင်ပြီး ဖော်ပြလိုက်တာပါတဲ့။ ဖော်ပြလိုက်ပုံက ခေါင်းစဉ်ရော၊ အတွင်းအကြောင်းအရာရဲ့ အနှစ်သာရကိုပါ Negative အမြင် ပြောင်းပြန် ပြောင်းလိုက်ပါသတဲ့ဆရာ။ ပြောင်းမယ့်ပြောင်းတော့ ကလောင်နာမည်ပါ ပြောင်းလိုက်ပါသတဲ့။ အဒီလောက် ဘက်လိုက်တာ။ စည်းဖောက်တာ ရှိ ဦးမလားဆရာ။
ဟုတ်ပါ့မလားဗျာ။ မလိုတမာသူတွေကို သွားပုပ်လေလွင့် ပြောတာနေမှာပါ။ ကိုယ့်ဆောင်းပါး မသုံးတိုင်းကွယ်ရာမှာ အပြစ်တင် ထင်ရာ ပြောတတ်တဲ့ ကလောင်သစ်လေးတွေ တချို့ရဲ့ အမြင်လွဲမှားမှုကို ကြားရလို့ နေမှာပါ။
ဟုတ်ကဲ့။ တခြားဘယ်သူ ဘယ်ဝါ ဘယ်ကလောင်သစ်မှ မဟုတ်ပါဘူးဆရာ။ ကျွန်တော်ကိုယ်တိုင် အရှင်လတ်လတ်ကိုယ်တွေ့ခံလိုက်ရတဲ့ ကိစ္စပါ။ ဘယ်ဂျာနယ်လဲဆိုတာ ကျွန်တော် မပြောပါရစေနဲ့။ ‘ါဟာ ''စည်း'''လို့ပဲ သတ်မှတ်ပါတယ်။ ကျွန်တော့်ဘက်က''စည်း''ကို စောင့်ထိန်းပါတယ်။ငြိမ်းချမ်းစွာ သဘောကွဲလွဲခွင့်လို့ တွင်တွင်အော်နေကြပြီး စာပေညီအစ်ကိုချင်း ပွင့်လင်းရိုးသားမှု အကျင့်သီလ ရှိရမယ်လို့ တွင်တွင်ရေးနေကြရင်း တကယ့်လက်တွေ့မှာက ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ မူနဲ့အုပ်စုဖွဲ့ အနိုင်ကျင့်တာမျိုးထိ ''ဒီကိစ္စ''နောက်ကွယ်မှာ ဖြစ်သွားကြတာ ဘယ်စာဖတ်ပရိသတ်က သိကြမှာလဲဆရာ။ မခံရပ်နိုင်လို့ ဒေါသဖြစ်ပြီး လူရှေ့သူရှေ့ ပြောမိတော့ ပြောမိသူက မှားပြန်ရော။ ဂျာနယ်တွေကို စော်ကားတယ် ဖြစ်ပြန်ရော။ ‘ါကြောင့်''ဒီကိစ္စ''ကို ဗလောင်ဆူ မွှေနှောက်ဖွနေကြတုန်း မပြောဘူးလို့ ဆုံးဖြတ်ထားတာပါ။ အခုတော့ ပြောသင့်ပြီထင်လို့ ပြောမိတာပါ။